နယ်ရုံးများ၏သတင်းများ

Mar 18,2024
ကျောင်းသားလူငယ်များ အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကိုအကျိုးရှိစွာဖြတ်သန်းနိုင်ရန်နှင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ် (Community Centre) ခန်းမတွင် နွေရာသီသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်(၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် စာပေရေးသားနည်းသင်တန်းတို့ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 18,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော "ခေါင်းဆောင်မှုနှင့်စီမံခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာအုပ်စာပေများဖတ်ရှုလေ့လာပြီးဗဟုသုများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကဗျာရေးစပ် နည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 16,2024
ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာစကားပြောအခြေခံရရှိစေရန်၊ သင်တန်းမစမီ အချိန်တွင် စာအုပ်စာပေများကိုဖတ်ရှု၍ စာပေဗဟုသုတရရှိစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်း(အခမဲ့)ကို မတ်လ ၁၄ ရက်န့ နံနက်(၁၀)နာရီ၌ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Mar 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Community Centre တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျောင်းသူ/ သားများဗဟုသုတရရှိပြီး သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ကြောင်း သိရှိရသည်။
Mar 16,2024
မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဟောပြောခဲ့ကြောင်းသိရသည်။
Mar 16,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ်လ(၁၅)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 16,2024
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ တရုတ်စကားပြောအခြေခံများရရှိစေရန်၊ သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံတရုတ်စကားပြောသင်တန်း(အခမဲ့)ကို ယနေ့နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ဖွင့်လှစ်၍ စတင်သင်ကြားခဲ့သည်။