နယ်ရုံးများ၏သတင်းများ

Mar 21,2024
ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် စာကြည့်တိုက်လာရောက်သူများအား ယမန်နေ့နံနက်ပိုင်းက (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 21,2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာတို့ပူးပေါင်း၍ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Mar 21,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ပူးပေါင်းကာ ကမ္ဘာ့ရေနေ့ (WORLD WATER DAY) အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။
Mar 21,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ဂျပန်စကားပြော သင်တန်းအရည်အချင်းစစ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ကျင်းပပြုလုပ်သည်။
Mar 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို မတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် တိုင်း‌ဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ရွှေပြည်သာမြို့နယ်အတွင်းရှိ စာကြည့်တိုက်များအား လှူဒါန်းထောက်ပံ့သည့် စာအုပ်များအား ထပ်ဆင့်လှူဒါန်းပွဲနှင့် ရပ်ကွက်‌ကျေးရွာ စာကြည့်တိုက်ကော်မတီများတွေ့ဆုံပွဲ‌ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများပူပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာလယ်တွင်းသားစောချစ်ရေးသားထားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ငှားရမ်းပေးခဲ့သည်။