တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီနှင့်ပရဟိတများအား ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ၊ ပရဟိတနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော ရပ်မိ ရပ်ဖများအား ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ကြောင်း၊ မြိတ်နှင့်ကော့သောင်းတွင်လည်း ဂုဏ်ပြု ချီးမြှင့် ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိင်ငံတွင်ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါစောင့်ကြပ် ကြည့်ရှု့ခြင်း နှင့်ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင် ရွက်ခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ(၁)ဦး ၂၃-၃-၂၀၂၀ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကူးစက်မှုမြင့်မားခဲ့ပြီးStay at Home အမိန့်အား ထားဝယ်နှင့်မြိတ်မြို့နယ်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြော်ငြာ ခဲ့ရကြောင်း၊ ယခုအခါ သက်ဆိုင်ရာ ဌာနအာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် တနင်္သာရီ တိုင်းဒေသကြီးတွင် ပိုးတွေ့လူနာကျဆင်းလာသဖြင့် Stay at Home အစီအစဉ်ကို ၁၂.၁၁.၂၀၂၁ ရက်နေ့ပယ်ဖျက် ခြင်းခံရကြောင်း၊ ကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်း မဖြစ်ပေါ်သေးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ် ဆောင်စေလိုကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့သူများအား လုံးကို ကျေးဇူး တင်ဂုဏ်ပြုကြောင်းပြောကြားသည်။

ထိုနောက်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူးနှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတများအား ဂုဏ်ပြုငွေ ကျပ် (၂၀၀ သိန်း ၁ သောင်း ၆ ထောင် တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆွေဆွေအောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)