ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

မိုင်းရှုး နိုဝင်ဘာလ ၁၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာကျော်ထွန်း၊အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူနိုဝင်ဘာ(၁၂)ရက် နံနက်(၁၁)နာရီခွဲက လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့နယ်(ခွဲ) ဝမ်ကန်ရတနာမြေ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမ “ပန်းခင်းစီမံချက်ဖြင့် ဟိုခိုက်ကျေးရွာအုပ်စု ပါလိတ်ကျေးရွာ၊ အောင်မင်္ဂလာသိဒ္ဓိဘုန်းတော်ကြီး ပညာသင် အလယ်တန်းပညာကျောင်း ကျေင်းသား(၂၅)ဦး၊ ကျောင်းသူ(၂၇)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး ကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူး ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မိုင်းရှုးမြို့နယ် လွိုင်ဆောင်ထောက်တိုက်နယ် ပြည်သူ့ဆေးရုံသွားရောက်ကာ မြို့နယ်ဆရာဝန်ဒေါက်တာအောင်ထူးနှင့် ဆရာ/ဆရာမတို့အား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး တာဝန်ထမ်းဆောင်နေသော ဆရာဝန်နှင့်ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်း၊ စားစရာများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ရာဒေါက်တာအောင်ထူးနှင့် ဆရာမများကလက်ခံရယူကြောင်းသိ ရသည်။

ထို့နောက်မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုး အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း တက်ရောက်အမှာစကားပြောကြားရာ မိမိတို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မြို့နယ်အသီးသီးတွင် ဒေသဖွံ့ဖြို့ရေးအတွက် လိုအပ်ချက်များသိရှိနိူင်ရန်နှင့်တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအားပေးရန် ခရီးစဉ် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ရှမ်းအစိုးရအဖွဲ့ ရောက်လာစဉ် မိုင်းရှူးမြို့ဒေသဖွံ့ဖြိုး ရေးလိုအပ်ချက်များ၊ လမ်းပန်းဆက် သွယ်ရေးကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကွင်းဆင်းကြည့်ရှုရပါကြောင်း၊ မိုင်းရှူးမြို့နယ်သည် ကိုဗစ်-ရောဂါ ဖြစ်ပွားမှုများပြားပြီးကျောင်းများ ပိတ်ထားရပါကြောင်း၊ သတ်မှတ်ထားသည့် ဆေးများလည်း ထိုးပေးကြရန်နှင့် စံချိန်စံညွှန်းအတိုင်း ကျင့်ကြံနေထိုင်သွားကြပါက အားလုံးအခြေအနေကောင်းသွားမည် ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အတွက် mask (၂၅၀၀၀)ခု၊ Flow meter (၁၀)ခု၊ လက်ဆေး Handgel(၅၀)၊ Oxygen(၄၀)လီတာအိုး (၁၀)အိုး၊ OxygenConcentrator (၉)လုံး၊ ငွေကျပ်(၁၀)သိန်းထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း၊ မကြာမည် ကျောင်းများပြန်လည်ဖွင့်တော့မည် ဖြစ်၍အားလုံးစည်းကမ်းတကျဖြစ် အောင်မြို့နယ် အုပ်ချုပ်ရေးမှူးများကကြီးကြပ်၍ အသက်(၁၂)နှစ်ကလေးများ ဆေးထိုးနိုင်ရန် အချိန်မီဆေးထိုးနိုင်ရန် မှာကြားလိုကြောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက်ဆေးခွဲတမ်းများကို ချပေးမည်ဖြစ်ပြီး ဆေးများပျက်စီး မှုမရှိအောင် မှာကြားလိုပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းများပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါ၍ကျောင်းကို ပြန်လည်တက်ပေးကြရန် ယခုလိုမိမိတို့အဖွဲ့ လာရောက်သည့်အခါ နိုင်ငံတော် အကြီးအကဲမှာကြားချက်များကို ရှင်းလင်းပြောကြားခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

၎င်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်ကျော်ထွန်းက ထောက်ပံ့ငွေ(၁၀)သိန်းပေးအပ်ရာ မိုင်းရှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်မှ လက်ခံရယူ၍လည်းကောင်း၊ အောက်စီဂျင်(၄၀)လီတာအို (၁၀)လုံး၊ အောက်စီဂျင် Concentrator(၆)လုံး၊ လက်သန့် ဆေးရည်ဗူး(၄၅)ဗူး mask(၂၅၀၀၀)ခု တို့ကိုပြည်နယ် ဝန်ကြီးများ၊ အစိုးရ အဖွဲ့အတွင်းရေးမှူးတို့က ပေးအပ်ရာ မိုင်းရှူးမြို့နယ် ခေတ္တမြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာဖြိုးဟိန်းသူနှင့် မိုင်းရှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လက်ခံရယူကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)