တိုက်ကြီး နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေး ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ပိုင်းအချိန်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် နှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထား ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် “စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ၊ “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”၊ “လမ်းပေါ်တွင် တိုင်းပြည်အတွက် အားထားရသူများ သေဆုံးနေ၍ သင်မပါစေရန် စည်းကမ်းလိုက်နာပါ”၊ “စည်းကမ်းရှိမှ တိုးတက်မည်” စသည့် ဆောင်ပုဒ်များနှင့် သရုပ်ဖော်ကာတွန်းများ၊ မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်နေစဉ် ရှောင်ရှားသင့်သည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွားမှုပုံစံများနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရန် အချက်များနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများစသည့် ပြည်သူများ သိသင့် သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)