နယ်ရုံးများ၏သတင်းများ

Aug 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် (၉)နာရီခွဲက တောင်ကြီးမြို့မှ မိုင်းဆတ်မြို့သို့လာသည့် ယာဉ်မောင်းတစ်ဦးနှင့် ခရီးသည် တစ်ဦးထံမှ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Aug 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ ဒုမြို့တော်ဝန်ဦးညီညီ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ ဆောင်ရွက် သည်။
Aug 04,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို  သြဂုတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းမှစတင်၍ မြို့နယ်အတွင်းသတ်မှတ်စုရပ် နေရာများ အလိုက်ထိုးနှံပေးလျက်ရှိပြီး သြဂုတ်လ(၃)ရက်နေ့က မြို့မအားကစားကွင်းနှင့် အ.ထ.က(ကျူတော) ကျောင်းစုရပ်(၂)နေရာတို့တွင်ကာကွယ်ဆေးကိုဆက်လက်၍ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 01,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဇလွန်မြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ၁၃ လုံးပြိုကျပျက်စီးခြင်းနှင့် ၁၀လုံး အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
Jul 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးဝန်း၌ တစ်ရက်လျှင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးကြီးအလုံး(၂၀၀) ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
Jul 26,2021
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်‌ နေ့လယ်(၁၂) နာရီအချိန်က ​မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်‌ထွေအုပ်၊ တပ်မ‌တော်၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်များနှင့်‌ ကျေးရွာအုပ်စုများသို့ အသံချဲ့စက်ဖြင့်‌နေ့စဉ်လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
Jul 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများပူးပေါင်း၍  မြို့အတွင်းရှိပြည်သူများ လိုက်နာဆောင်ရွက်နိုင်‌စေရေးအတွက် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။