ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် နိုဝင်ဘာ(၁၃) ရက် နံနက် ၈ နာရီက တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးကို ကာကွယ်ထိန်းချုပ်နိုင်ရန်အစိုးရ နှင့်ပြည်သူ လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါအတော်အသင့် ထိန်းချုပ်နိုင် ခဲ့ပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးကြောင့် စီးပွားရေးလုပ်ငန်းနှင့် ကလေးများ၏ ပညာသင်ကြားရေးပိုင်းများ ရပ်ဆိုင်းထားခဲ့ရသည်မှာ (၂) နှစ်တာ ကာလကြာ ခဲ့သော်လည်း ယခုအခါ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ဆိုင်းခဲ့ရသည့် စီးပွားရေးလုပ်ငန်း များကို ပြန်လည်ဦးမော့လာအောင် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တောင်ကုတ် မြို့နယ်တွင် နယ်စပ်ကုန်သွယ်ရေး၊ ကုန်စည်စစ်ဆေးရေးစခန်းကို ဖွင့်လှစ်ထားပြီးဖြစ်သည့် အတွက် စနစ်တကျစစ်ဆေးဆောင်ရွက် ကြရန်လိုကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ငြိမ် အေးချမ်းမှု ရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပြည်သူ လက်တွဲ ညီညီဖြင့်ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း လူငယ်များ၏ အနာဂတ် ဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဆွေးနွေး မှာကြားသည်။
ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး တို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးမှုများအပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ခူးကျေးရွာအုပ်စု၊ အဘေကျေးရွာရှိ (TMP-Col.td)၏ ဧက(၃၄၆) ရှိ ကဏန်းပျော့နှင့် ပုဇွန်မွေးမြူရေးကန်သို့ ရောက်ရှိပြီး ကဏန်းပျော့နှင့် ပုဇွန်မွေးမြူ ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီးလိုအပ်သည်များကို လမ်းညွှန်မှာကြား ကာ သံတွဲမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်းသိရသည်။
ထို့နောက် နေ့လည် ၂ နာရီအချိန်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို သံတွဲမြို့ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တက်ရောက် အမှာစကား ပြောကြားသည်။
ပြီးနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးက ပန်းခင်းစီမံချက် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သံတွဲခရိုင် အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုပေးအပ်ကြရာ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြပြီး ပြည်သူများ ကိုယ်စား သံတွဲမြို့နယ်မှ ဒေါက်တာစိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
သံတွဲခရိုင်အတွင်း ဆောင်ရွက်ပေးရန် လျာထားချက်မှာ (၃၁,၆၁၂) ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကုန်ထိ ဆောင်ရွက်ပေးနိုင်မှုမှာ (၉,၇၂၁) ဦးကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူ (၂၁,၈၉၁) ဦးတို့ကိုလဲ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားအပြီးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများမှ ဆက်လက် ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က ပြန်လည်ဆွေးနွေးကြပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ဖြည့်စွက်အမှာစကားပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက တောင်ကုတ်မြို့နယ်တွင် ဒီရေမြင့်တက်မှုကြောင့် ပျက်စီး သွားသည့် ဆည်ကာရီ(၅)ခု ပြန်လည်ပြုပြင် နိုင်ရေးအတွက် ကျပ်(၆,၈၄၅,၀၀ဝိ/-)ကိုပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က လက်ခံရယူ ခဲ့သည်။ ထို့နောက် တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်