နယ်ရုံးများ၏သတင်းများ

Aug 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကူညီဆောင်ရွက်ပေးနေတဲ့ ရွှေဂရုဏာ(ပရဟိတ) လူငယ်သွေးလှူရှင်များ အသင်းမှဥက္ကဋ္ဌ ဦးဘိုမောင်သိန်းအား တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်
Aug 17,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာတွင် မြို့မဇုံအတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ သက်ကြီးရွယ်အိုများ(၁၈၀)ကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 17,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ သုခိတ ကမ္ဘောဇဗိမ္မာန်၊ တံတားဦးမြို့နယ် တိုက်နယ်ဆေးရုံများနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာန တို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ယနေ့ နံနက်(၉)နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 17,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ ၃၀၇၄၉ ဧက လျာထား၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းထံမှ သိရသည်။
Aug 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
Aug 17,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးတွင် အဓိကအားထား အသုံးပြုနေရသည့် ဆဒ္ဒန်ဆည်၊ စွန်ဆည်၊ ပုလင်းဆည်၊ ဘုတ်ချောင်းဆည်များတွင် ဆဒ္ဒန်ဆည်တမံသည် ဇူလိုင်လကုန်ပိုင်းမှ စတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေပိုလွှဲမှရေကျော်ကျမှုများရှိခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Aug 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယနေ့ နံနက် ၈ နာရီတွင် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။