ပဲခူး နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နု၊ ပဲခူးမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)တို့က အမျိုးသားနေ့ပေါ်ပေါက်လာပုံ၊ အမျိုးသား အောင်ပွဲနေ့၏ အနှစ်သာရများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အစီအစဉ်ကို We Love Bago Page နှင့် ပဲခူးခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)