တောင်ဥက္ကလာပ နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းကွမ်း ဝေယျဝစ္စအဆင်ပြေစေရန်အတွက် မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိူးရေးပရဟိတဂေဟာသို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများကို ယမန်နေ့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းမှုတွင် တောင်ဥက္ကလာပမြို့နယ် ၊အမှတ်(၁၅)ရပ်ကွက်၊ သပြေမိသားစုမှ ဆွမ်းဆန်တော်(၁၅)အိတ်၊ ဆီ(၃)ပုံးနှင့် အသုံးအဆောင်ပစ္စည်းများ စသည့် လှူဖွယ်ပစ္စည်းတို့ကို မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ၌ သီတင်းသုံးနေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေများ ဆွမ်းကွမ်းအခက်အခဲ မရှိစေရန်နှင့် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အတွက် လိုအပ်သည်များ အခက်အခဲမရှိ အဆင်ပြေစေရန် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ခင်ဆွေနှင်း