ဘားအံ ဒီဇင်ဘာ ၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး” ဆွေးနွေးပွဲ Talk Show ကို ယမန် နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်စိုးစိုးအေးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားခဲ့ပြီးနောက် ကရင်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA) အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် မူးယစ်ဆေးစွဲရောဂါ ကာကွယ်တားဆီးကုသရေး အတွက် ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံချက်ရေးဆွဲထားရှိခြင်း များနှင့် (MANA) အသင်း၏ လုပ်ငန်းစဉ်များ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအတွက် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးစွဲသူများကို ကုသပေးနိုင်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းဆွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)