ကမမောင်း ဒီဇင်ဘာ ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မသန်စွမ်းဆိုင်ရာသိကောင်းစရာများ အားပြည်သူများသိရှိစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အသိပညာပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်ထား ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမမောင်းမြို့ရုံးတွင်း နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် မသန်စွမ်းသူများ၏အခြေအနေ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပ ဒေများ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒါဏ်များ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်း မြှင့်တင်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်းသူများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရမည့်အချက်များနှင့် မသန်စွမ်းသူများအပေါ် ထားရှိရမည့် စိတ်နေ စိတ်ထားများနှင့်အမြင်သဘောထားများ စသည့် မသန်စွမ်းဆိုင်ရာ သိကောင်း စရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ သိရှိစေရန်ရည်ရွယ်၍ ပြထား ထားကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)