ဇေယျာသီရိ ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက အမျိုးသမီးများကို ကာကွယ်ပေးထားသည့် ဥပဒေများအား အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသမီးများကို ကာကွယ်ပေး ထားသည့် ဥပဒေများအားအသိပညာပေး Talk Showကို ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က အမျိုးသမီးများ အား ကိုယ်ထိလက်ရောက် ပြုမူခြင်းနှင့် မထိမဲ့မြင်ပြုခြင်းတွင် ကာကွယ်ပေးထားသည့် ဥပဒေများ အကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုများတွင် တိုင်ကြားနိုင်သည့် အခြေအနေများ၊ Sex Tape ယူထားပြီး ချိန်းခြောက်ငွေညှစ်မှုများတွင် ဥပဒေအရ ကာကွယ်ပေးထားသည့် အကြောင်းအရာများ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)