မန္တလေး ဒီဇင်ဘာ ၁
ပြည်သူများစာပေဖတ်ရူ့သည့် အလေ့အထရှင်သန်ခိုင်မြဲစေရန် နှင့်စာပေအသိပညာ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ သောကကင်းစင် ပျော်ရွှင်ချမ်းသာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ ၁၀ နာရီ က မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် ကျင်းပပြုလုပ်သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)အနေနဲ့ လစဉ် စာဖတ်ဝိုင်းကို စာကြည့် တိုက်ကိုလာရောက် စာပေဖတ်ရူ့နေတဲ့ စာပေဝါသနာရှင်များ၊စာရေးဆရာ/မများနဲ့ ကျင်းပပြုလုပ် လျက်ရှိပါတယ်၊ ဒီတစ်ပတ်ကတော့ ဒေါက်တာမတင်ဝင်းရဲ့ သောကကင်းစင်ပျော်ရွှင်ချမ်းသာ ဆိုတဲ့စာအုပ်ကို စာပေဝါသနာရှင် မယုကလျာစိုးနဲ့ ဖတ်ရှုဆွေးနွေးကြတာဖြစ်ပါတယ် နောက်လ များမှာလည်း မိမိတို့ ကြိုက်နှစ်သက်ရာ စာအုပ်ကို စာပေဝါသနာရှင်များ ဖတ်ရှုပြီး စာဖတ်ဝိုင်းများ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်ဟု မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း ပြောကြားသည်။
စာဖတ်ဝိုင်းသို့ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ပြီး အဆိုပါ စာအုပ်တွင် သောကဆိုတာဘာလဲ၊ပရိဒေဝဆိုတာဘာလဲ၊သောကရဲ့လက္ခဏာများ၊ ကိုယ့်သောက ကိုယ်တိုင် ဖြေပါ၊ ကိုယ်သောက ကိုယ်တိုင်ဖြေရှင်းနည်းများ၊ပရိဒေဝဖြတ်ကျော်ခြင်း၊ သေခြင်းအတွက် စိတ်အေးရတဲ့သူများ၊ သာဓုသုံးပါးမြတ်တရား အစရှိသော အကြောင်းအရာများ ပါရှိကြောင်း သိရ သည်။
သန်းဇော်မင်း(ပြန်/ဆက်)