နောင်တရား ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု နောင်မွန်ဘုန်းတောင်ကြီးကျောင်းနှင့် နန်းပုလင်းကျေးရွာအုပ်စု နန်းပုလင်း ဘုန်းတော်ကြီးကျောင်း၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများ စတုတ္ထသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၆၂၅)ဦး ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများ ကို ဦးစားပေးအစီအလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများအတွင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို စတုတ္ထသုတ်၊ ပထမအကြိမ်အဖြစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် တီကျစ်ကျေးရွာအုပ်စု နောင်မွန်ဘုန်းတောင်ကြီးကျောင်းတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၂၄၅)ဦးနှင့် နန်းပုလင်းကျေးရွာအုပ်စု နန်းပုလင်း ဘုန်းတော်ကြီးကျောင်းတွင် ကာကွယ်ဆေးလာရောက် ထိုးနှံသူ(၃၈၀)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း(၆၂၅)ဦးရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကျေးရွာအုပ်စုအတွင်းရှိ စုရပ်များ၌ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)