နယ်ရုံးများ၏သတင်းများ

Aug 31,2021
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာ ခံစားနေရသူများကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး တွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာ(၁,၁၂၇)‌ဦး အနက်မှ (၉၂၂)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး သေဆုံးသူ(၈၄)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ တိုက်ကြီးမြို့မ (အ.ထ.က) ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကျေးရွာများသို့ ကွင်းဆင်းပြီး ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးမှုများကို ယမန်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၊ နားရှိုးရွာ တိပိဋက ကမ္ဘောဇကျောင်းတော်မှ သံဃာတော်များ၌ ရောဂါပိုးကင်းစင်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသိရသည်။
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး နှိုးဆော်မှုများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ‌ရေးနှစ် တတိယ(၃)လပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲ ၃ နာရီခွဲ အချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 31,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့နနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သာသနာရေးဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁,၂၇၃)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။