နယ်ရုံးများ၏သတင်းများ

Sep 14,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦး​အောင်ဇော်တင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ ယမန်နေ့နံနက် ၇နာရီအချိန်က ထိန်ကန်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများသို့ကွင်းဆင်း၍ ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
Sep 14,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ဘာသာပေါင်းစုံ သုဿာန်မြေနေရာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၇) နာရီက အဆိုပါ မြေနေရာ၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Sep 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
Sep 12,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများ စုပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။
Sep 10,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဟံဇားတိုက်နယ် ကျေးရွာအုပ်စုများရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပြီးသောအသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဟံဇား အ.ထ.က ၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Sep 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်တွင်ကိုဗစ်-၁၉ကာကွယ် ဆေးထိုး ရန်ဝန် ထမ်းများနှင့်ပြည်သူများ အား ယနေ့နံနက်ပိုင်းကစျေးရပ်ကွက်ရှိ အ.လ.က(စျေး)နှင့် ကြယ်နီ ဆေးပေါ့လိပ်ခုံ၌ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 09,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကာကွယ်ဆေးထိုးရန် စုရပ်၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား အသက်(၆၅) နှစ်အထက်ရှိ အဘိုးအဖွားများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အခမဲ့ ဆေးထိုးနှံပေးခဲ့ ကြောင်း သိရသည်။
Sep 09,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ တော်လတဲ့ကျေးရွာသက်ကြီးဘိုးဘွားများကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ကျေးရွာအတွင်းရှိ အသက်(၈၀)နှစ် အထက်သက်ကြီးဘိုးဘွားများနှင့် နာမကျန်း ဖြစ်သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆေးဝါးများနှင့်အာဟာရဖြည့်ဓာတ်စာများ ဝယ်ယူသွားနိုင်ရေး အတွက် အလှူငွေများကို ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ အဖွဲ့မှသိရသည်။