ပေါက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ပေါက်  နိုဝင်ဘာ   ၃

မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး ခြင်းကို ၂၀၂၁ခုနှစ် ၊ မေလ ၃ ရက်နေ့မှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်ကျေးရွာများ အထိကွင်းဆင်း၍ ကိုဗစ်-၁၉စည်း ကမ်းချက်များနှင့်အညီပြုလုပ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး နှင့်တာဝန်ရှိသူများ ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့နှင့် အဖြူရောင် နှလုံးသားပရဟိတလူမှုရေး အသင်းအဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများ ပူးပေါင်း၍ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ပန်းခင်းစီမံချက်လက်ကမ်း စာစောင်များအား မြို့နယ် အတွင်းရှိလူစည်ကားရာနေ ရာများ၌ ဖြန့်ဝေခြင်း လုပ်ငန်းများအပြင် ပန်းခင်းစီမံချက်ကာလဖြစ်သည့် ၂၀၂၁ခုနှစ် ၊ မေလ ၃ရက်နေ့မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ မြို့နယ်အတွင်း နိုင်ငံသားစိစစ် ရေးကဒ်ပြားပေါင်း (၂၁၄၆)ခုထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ  အဆိုပါလျာထားချက် ပြည့်မီရေး အတွက်   မြို့နယ်ဦးစီးမှူးရုံးအပြင် မြို့နယ်အတွင်း ရှိရပ်ကွက်/ ကျေးရွာများအထိကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိပြီး မေလ(၃)ရက်နေ့မှယနေ့အထိ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း(၉)အုပ်စုအထိ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ရာ  နိုင်ငံသား စီစစ်ရေးကတ်ပြား (၁၁၃၀)ခု၊ အိမ်ထောင်စုလူဦးရေစာရင်း (၁၂၆)ခု ပြုလုပ်ဆောင်ရွက် ပေးခဲ့ပြီးဖြစ် ကြောင်းနှင့်ဆောင်ရွက်ရန်ကျန်ရှိသည့်မြို့နယ် အတွင်းရှိပြည်သူများ အား ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ဥမ္မာကျော်