တောင်ကုတ် နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောင်ကုတ်မြို့နယ် အတွင်းရှိ ဝဥ စိုက်ပျိုးထုတ်လုပ် သူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က အဖွင့်အမှာစကား ပြောကြားကာ တောင်ကုတ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက ဝဥ စိုက်ပျိုးခြင်း၏ အကျိုးအမြတ်ရရှိမှုနှင့် မြို့နယ်တွင်း ဝဥ စိုက်ပျိုး ထုတ်လုပ် မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီးမြို့နယ် သမဝါယမဦးစီးဌာနမှူးက မဝါယမအသင်း၏ အစုအဖွဲ့များဖွဲ့စည်း၍ ငွေစုငွေချေးလုပ်ထုံးလုပ်နည်း လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ ဝဥစိုက်ပျိုးထုတ်လုပ် သူတောင်သူများ ကိုယ်စားတောင်သူ ဦးခင်မောင်ရွှေက ဝဥ စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေ အခက်အခဲ တင်ပြရာ ပြည်နယ် စိုက်ပျိုး ရေးဦးစီးမှူးဦးထွန်းမြင့်က လိုအပ်ချက်များအား ပေါင်းစပ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
စန်းဝင်း(မြို့နယ်ပြန်/ဆက်)