ပေါက်ခေါင်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျွဲပေါင်ပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းတို့က စီမံကိန်းလုပ်ငန်းဆိုင်ရာ များနှင့် ပက်သက်၍ ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊ မြစိမ်းရောင်အရင်းမပျောက် မတည်ရန်ပုံငွေပေး အပ်ရခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဆင့်ဆင့်ရှင်းလင်း ပြောကြား သည်။
ထို့နောက် ကျေးရွာကော်မတီဝင်များကို ကျေးရွာပြည်သူဆန္ဒနှင့် အညီ ကော်မတီဝင်(၇)ဦးဖြင့် ရွေးချယ် ဖွဲ့စည်းပေးသည်။ ၎င်းကျေးရွာတွင် ၂၀၂၁-၂၀၂၂ ခုနှစ်ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း (၃၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမြစိမ်းရောင်ရန်ပုံငွေနှင့် ကျေးရွာပြည်သူများ၏ ကျေးရွာ အတွက် လိုအပ်သည့် လုပ်ငန်းများအား စီမံချက်ရေးဆွဲပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)