နယ်ရုံးများ၏သတင်းများ

Aug 31,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ မြို့နယ်အတွင်းမှ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးသူမျာအား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်းရှိ မြို့မတိုက်နယ်၊ ဆကာကြီးတိုက်နယ်၊ ရေလဲတိုက်နယ်၊ စံကင်းတိုက်နယ်တို့တွင် ထိုးနှံပေးလျက်ရှိသည်။
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမှ ကျောက်ခွက်ကျေးရွာအုပ်စု၊ သင်ပေါင်းကျေးရွာတွင် ကျေးရွာ‌နေပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက်၊ မြေသားရေကန် တူးဖော်ဆောင်ရွက် ပေးလျှက်ရှိရာ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို၊ ယနေ့နံနက်(၉)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်ဦးစီးသော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၈ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် ငါးခူရကျေးရွာနှင့် ကြိမ်ချောင်း ကျေးရွာများရှိ ပြည်သူများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုရန် ရှမ်းပြည်တိုးတက်ရေးပါတီမှ ယမန်နေ့က Breath AI တံဆိပ် Oxygen Concen trator 10L စက်(၅)လုံးနှင့် Mask အခု (၂၀၀ဝ)၊ ကာလတန်ဖိုးကျပ် (၉၀၆၀၀၀၀/-)အား လှူဒါန်းခဲ့ ကြောင်း သိရသည်။
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများက မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနေသော တောင်သူများထံသို့ ပညာပေး ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။