နာဂဒေသ၊ လဟယ်မြို့ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Quarantine Centre အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

လဟယ် နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Quarantine Centre အတွက် ထောက်ပံ့ ပစ္စည်းများကို ယနေ့နံနက်(၉)နာရီချိန်က လဟယ်မြို့ ကိုဗစ်-၁၉ ယာယီစင်တာစခန်းဝင်း၌ ပေးအပ်ခဲ့‌ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့‌ပေးရာတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဆန်(၁၀)အိတ်၊ ဆီ(၅)ပိသာ(၂)ဗူး၊ ကြက်သွန်နီ(၁)အိတ်၊ ဘဲဥ(၁၀)ဖာ၊ ကြက်ဗူး(၁၀)ဘူး၊ ငါးဗူး(၃၀)ဗူးအား‌ပေးအပ်ခဲ့ရာ လဟယ်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ပါမင်းလှိုင်(လဟယ်)