မူဆယ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့ နံနက်(၁၀)နာရီက ဇေယျမင်္ဂလာ ကျောင်းတိုက်၊ မေတ္တာစံအိမ်ပရဟိတဂေဟာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပေးအပ်ခြင်း အခမ်းအနားတွင် ကျေးရွာရှိပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးခဲ့သော မေတ္တာစံအိမ်ပရဟိတဂေဟာ ကျောင်းသား/ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်-၃(က) (၃၃)ဦး၊ နိုင်-၆(က) (၁၈)ဦး၊ ပေါင်း(၅၁)ဦးနှင့် အခြား (၁၄)ဦးအား စုစုပေါင်း(၆၅)ဦးအား ပြုလုပ်ပေးအပ်ခဲ့သည်။ ထိုအခမ်းအနားတွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ဦးစီး) ဗိုလ်မှူးကြီးဇေယျာလင်း၊ မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်တာတို့က ကတ်ပြားများအား လက်ရောက်ပေးအပ်ခဲ့ပြီး အဆိုပါကျောင်းတိုက်သို့ သင်္ကန်းနှင့်ဆန်ဆီလှူဖွယ် ပစ္စည်းများကိုဆက်လက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ချယ်ရီမြေ(မူဆယ်)