တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ နိုဝင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် အမျိုးသားစာပေဆုရ မင်းသူရိန်၏ ဘဝပုံရိပ်လွှာ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စာ‌ရေးဆရာအသင်း အတွင်းရေးမှူး ဆရာပန်းမျိုးခင်မှ စာအုပ်ဖြစ်ပေါ်လာပုံအကြောင်း မိတ်ဆက်တင်ပြခဲ့ပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌထွန်း‌ ဖောင်ဒေးရှင်းစာပေဆုရ ဆရာအောင်ကြည်ညွန့်(တက္ကသိုလ်)နှင့် အမျိုးသားစာ‌ပေဆုရဆရာ‌ မောင်နိုင်(ဒဿနိက)၊ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဆရာမြတ်ခိုင်တို့မှ ဆရာမလွင်လွင်ဝေ (မြန်မာစာ) ရေးသားထုတ်ဝေသော အမျိုးသားစာပေဆုရ မင်းသူရိန်၏ ဘဝပုံရိပ်လွှာ စာအုပ်နဲ့ပတ်သက်ပြီး မုဒိတာနှုတ်ခွန်းဆက်စကား ပြောကြားခဲပါသည်။ ဆက်လက်၍စာ‌ရေးသူ ဆရာမအတွက် ဆရာထက်ဘုန်း‌အောင်‌ ရေးသားသီဖွဲ့‌သော ဂုဏ်ပြုကဗျာကို ဆရာမနန်းညွန့်ယဉ်ခမ်းမှ ဖတ်ကြားရွတ်ဆို ဂုဏ်ပြုခဲ့ပါသည်။ ရည်ညွှန်းစာကြည့်တိုက်ဥက္ကဋ္ဌ၊ စာ‌ရေးသူဆရာမ လွင်လွင်ဝေ(မြန်မာစာ)မှ အမျိုးသားစာပေဆုရ ဆရာကြီးမင်းသူရိန်၏ ဘဝပုံရိပ်လွှာစာအုပ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ဥက္ကလာပမြို့နယ်၏ ရည်ညွှန်းစာကြည့်တိုက်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များသို့ လှူဒါန်းခဲ့ပြီဆရာမ လွင်လွင်ဝေ(မြန်မာစာ)မှ စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်လာသူများအား‌ ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အခမ်းနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)