နယ်ရုံးများ၏သတင်းများ

Feb 22,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ များ အသင်း (Book club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နေ့လည် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Center (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့ နံနက်(၁၀)နာရီက လူငယ်နှင့်မီဒီယာအကြောင်း သိကောင်းစရာများ Talk Show ကျင်းပခဲ့သည်။
Feb 22,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တို့ပူးပေါင်း၍ သဘွတ် ကုန်းကျေးရွာအုပ်စု လယ်တာကောင်းကျေးရွာ မီးဘေးသင့် နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်၊ ရိက္ခာဖိုး ထောက်ပံ့ ငွေပေးအပ်ပွဲကို ယနေ့ နေ့လည် ပိုင်းက မလှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 22,2022
ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်းဒုတိယရာသီဖွင့်ချိန်ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၂၅၀ ကျပ် အထိ ဈေးရနေ ကြောင်း ရော်ဘာခြံလုပ်ငန်း ရှင်တစ်ဦးကပြောသည်။
Feb 22,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်၊ ဆမအသုတ် ဒုတိယအကြိမ်နှင့် သတ္တမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 22,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့ကအထိကိုဗစ်-၁၉ ကာကွယ်ဆေး ၁၇၄၄၉၆ ထိုးနှံပြီးဖြစ်ကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ Book Club အဖွဲ့ဝင်က ယမန်နေ့ မွန်းလွဲပိုင်းတွင် စာဖတ်ဝိုင်းကျင်းပသည်။