နယ်ရုံးများ၏သတင်းများ

Feb 23,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီး ဌာနတို့ ပူးပေါင်း၍ ၂၀၂၁-၂၀၂၂ခုနှစ်၊ အောင်မြင်ဖြစ်ထွန်းနေ သော ဆောင်းသီးနှံမြေပဲ စံပြစိုက်ခင်း (၁၅:၀၀)ဧကကို ကော့လှိုက်ကျေးရွာမှ တောင်သူ ဦးမဲဘူးအပါ(၈)ဦး စိုက်ပျိုးထားသော ဆောင်း သီးနှံမြေပဲ စိုက်ခင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
Feb 23,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ စာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
Feb 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့က မြို့နယ်အတွင်းအရှိ သတ်မှတ်ဆေးထိုးစုရပ် နေရာအသီးအသီးတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Feb 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေး စာဖတ်ခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Feb 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ပထမအကြိမ် COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နေ့လည် ၁ နာရီခွဲ အချိန်က စတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ နမ့်တိန်းခန်းမစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 23,2022
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဓါတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်နေသည့် အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ များအနေဖြင့် ဓါတ်မြေဩဇာကို သုံးစွဲမည့်အစား ဈေးနှုန်းသက်သာသည့် ငါးအမိုင်နှိုအက်ဆစ် သဘာဝအပင် အားတိုးဆေးရည်များကို ပြုလုပ် သုံးစွဲတတ်စေ ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သဘာဝအပင်များ အားတိုး ဆေးရည်လက်တွေ့ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကိုကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။