နောင်တရားမြို့၌ Book Club အဖွဲ့ဝင်က စာဖတ်ဝိုင်းကျင်းပ

နောင်တရား    ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ Book Club အဖွဲ့ဝင်က ယမန်နေ့ မွန်းလွဲပိုင်းတွင် စာဖတ်ဝိုင်းကျင်းပသည်။

နောင်တရားမြို့ စာပေချစ်မြတ်နိုးသူများဖြင့် ဖွဲ့စည်းထားသည့် Book Club အဖွဲ့ဝင်က စာရေးဆရာ မောင်သာချို၏ ကောင်းသော စကား စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။ မမိငယ်က ပုပ္ပားတောင်ကလပ်တွင် ဆရာချစ်ဦးညို ‌ဟောပြောသည့် ဝထ္ထုနဲ့ နယ်ပယ် အစိမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အောင်ကျော်ထွန်းက တောင်တွင်းကြီးတွင်ဆရာမြဝင်း(ဒဿန) ဟောပြောသည့် အချိန်မရတဲ့လူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခွန်ကျော်အောင်က ဟင်္သာတတွင် ဆရာနေဝင်းမြင့် ဟောပြောသည့် ဓလေ့နဲ့ ကဗျာ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်၍ အပြန်အလည်ဆွေးနွေးကြသည်။ စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)