နယ်ရုံးများ၏သတင်းများ

Feb 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်နေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး အစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းမှ တတိယတန်းကျောင်းသား၊ ကျောင်းသူကလေးများအား ဉာဏ်ရည်ထက်မြက်စေရန်နှင့် ပျော်ရွှင် စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ပေးခဲ့သည်။
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မသန်စွမ်းသူများဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Feb 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ ဆေးထိုးနှံ​ပေးလျက်ရှိသည်။
Feb 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သာယာဝတီမြို့ အ.ထ.က (ဖိုးခေါင်) ကျောင်းနှင့်အ.ထ.က (စံရွေး) ကျောင်းများသို့ ယနေ့ နံနက် ၁၀ နာရီက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ် စာစောင်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား Sputnik Light Booster Dose အပိုဆောင်းကာကွယ်ဆေးများကို ကာကွယ် ဆေးထိုး စုရပ်ဖြစ်သည့် အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့) တွင် နံနက် ၁ဝ နာရီအချိန်မှ ၁၅ နာရီထိ စုစုပေါင်း (၅၀၀) ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 22,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်း ခရိုင်/မြို့နယ် ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ရက်မွန်းလွဲ (၁)နာရီက မြို့နယ် ကြက်‌ခြေနီ ယာယီကြီးကြပ်ရေး အဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 22,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇသစ် အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက လူစည်ကားသောနေရာများတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
Feb 22,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတို့နှင့်အတူ မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက်ခဲသည့် ဆော့လော်မြို့နယ်နှင့် ဖီမော်ဒေသဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နှင့် ၂၀ ရက်တို့က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။