Dec 17,2021
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲကို ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် ကလေးသူငယ်များ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် သမိုင်းအကြောင်း ကို အစဉ်အမြဲသိရှိပြီး မမေ့နိုင်စေရေးနှင့် သမိုင်းအကြောင်း စာအုပ်စာပေများအပြင်ဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှု လေ့လာနိုင်စေရန်အတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။