မလှိုင်မြို့နယ် လယ်တာကောင်းကျေးရွာ မီးဘေးသင့်အိမ်အတွက်ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်

မလှိုင်  ဖေဖေါ်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တို့ပူးပေါင်း၍  သဘွတ် ကုန်းကျေးရွာအုပ်စု လယ်တာကောင်းကျေးရွာ မီးဘေးသင့် နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်၊ ရိက္ခာဖိုး ထောက်ပံ့ ငွေပေးအပ်ပွဲကို ယနေ့ နေ့လည် ပိုင်းက မလှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က မီးဘေးသင့်နေအိမ် (၁)လုံးနှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဘိုး၊  အိမ်ဆောက် ပစ္စည်း ဝယ်ယူရန်နှင့် ကျားလုံချည်၊ မလုံချည်၊ စောင်၊ တဘက်၊ ဒန်အိုး၊ တီရှပ်၊ ဆပ်ပြာ စသည့် ပစ္စည်း(၁၇)မျိုးပါ   ကယ်ဆယ်ရေးပစ္စည်း ပေးအပ်ခြင်း ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိတ္ထီလာခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မလှိုင်မြို့နယ် တာဝန်ခံ ဦးအာကာကျော်တို့က အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁ဝဝဝဝဝ)၊ လူ(၆) ဦးအတွက်  ဆန်ရိက္ခာဖိုး (၁၂၆ဝဝိ/-)နှင့် ငွေကျပ်(၄၉ဝ၃၆)တန်ဘိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ စုစုပေါင်း တန်ဘိုးငွေ ကျပ်(၁၆၁၆၃၆) ကို  မီးဘေးသင့် အိမ်ရှင်   မဝေမာလင်းထံပေးအပ်ခဲ့သည်။

မလှိုင်မြို့နယ်တွင်  ဖေဖေါ်ဝါရီ ၂ဝ ရက်နေ့ ညနေပိုင်းက လယ်တာကောင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ရှင် မဝေမာလင်းမိသားစုတို့အတွက် မိတ္ထီလာခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တတ်စွမ်းသမျှ ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)