နယ်ရုံးများ၏သတင်းများ

Feb 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြုကာကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတို့တွင် အသံချဲ့စက်ဖြင့် လှည့်လည် အသိ ပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၂)ကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူမျာအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အမျိုး အစားကို မြို့ပေါ်ရပ်ကွက် ရှိ ပြည်သူများအား ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ အိုမီခရွန်(Omicron) ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များနှင့် လက်ကမ်း စာစောင်များကို မူဆယ်မြို့လယ်နာရီစင်၊ မူဆယ်မြို့လယ်မီးပွိုင့်နှင့် မြို့အထွက်ဂိတ်တို့တွင် ယနေ့နံနက် ၈နာရီအချိန်က တစ်ပြိုင်တည်း ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
Feb 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း၊ တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ(၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 18,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက် များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် ကရင်/မြန်မာ နှစ်ဘာသာဖြင့်လိုက်လံနှိုးဆော်ခဲ့သည်။
Feb 18,2022
ရခိုင်ပြည်နယ် သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) မှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးရည်ရွယ်ပြီး ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များအားအခမဲ့ ငှားရမ်းပေးလျက်ရှိရာ စာပေဝါသနာရှင်များ နှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိပြီး ပြတိုက်ငယ် တွင်ပြသထားသည့် ရခိုင်ပြည်နယ်မှ ထူးချွန်ထင်ရှား ပုဂ္ဂိုလ်များ၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်များ၊ ဘုရားစေတီပုထိုးများ၊ ရခိုင့်ယဉ်ကျေးမှုဗျာလ်ရုပ်ထုနှင့် သာယာလှပသောရှုခင်းများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိသည်။