နယ်ရုံးများ၏သတင်းများ

Feb 19,2022
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ် မြို့ ကျေးရွာအုပ်စု ကျေးရွာများရှိ တိုင်းရင်းသား မိဘပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် အလေးထားထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများမှလည်း ဒေသ အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးနှံရာစုရပ်ဌာနများသို့ သွားရောက်ပြီး အကြိမ်ရေပြည့် ထိုးနှံလျက်ရှိကြောင်း သိရသည်။
Feb 19,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Feb 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ တိုးပွားလာစေရန်၊ အတွေးအခေါ် အသိအမြင်များ အချင်းချင်းဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်များ ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Feb 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ် အရန်မီးသတ်တပ်ရင်းသည် စေတနာရှင် ပြည်သူများနှင့် ပူးပေါင်း ကာ ပါးစပ်/ နှာခေါင်းစည်း Face Mask များ အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
Feb 19,2022
မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် ကုသရေးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာမြို့၊ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 19,2022
စားသုံးသူရေးရာအကြောင်း သိကောင်းစရာ Talk Show အသိပညာပေး Online Talking ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
Feb 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား လူငယ်များအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။