နယ်ရုံးများ၏သတင်းများ

Feb 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကိုဗစ်-၁၉‌ရောဂါ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါပိုးကြောင်း သိကောင်းစရာ ကျန်းမာရေးအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 19,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် လယ်မကျေးရွာရှိ “တင်ဟော့”ဇာထိုးပန်းထိုးအလုပ်ရုံမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါအလုပ်ရုံသို့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
Feb 19,2022
ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့နံနက် ၉နာရီကမြို့ပေါ်ရပ်ကွက်နှင့်‌ကျေးရွာ များ၌ပြည်သူများ လိုက်နာရမည့်အချက်များအား မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Feb 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေး ဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Feb 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် ယနေ့နံနက် ၉နာရီက စာပေချစ်မြတ်နိုးသူများအသင်း( Book Club)နှင့် အမျိုးသမီးအသင်း(Women Club)တို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Maskတပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု Mask Campainပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဝက်ဝံယာယီပျံကျဈေး နှင့် မြို့မဈေး၊ လမ်း မတော်လမ်းနှင့် မိုင်းပွန်လမ်းဆုံမီးပွိုင့်အနီးနှင့် နမ့်ပေါ့ချောင်း တံတားအနီးတို့ တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Feb 19,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဝင်များဖြင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်အောင်မြင်မှု”စာအုပ်ကို ဖေဖော်ဝါရီလ (၁၈)ရက် ညနေ ၃ နာရီခန့်က ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။