နွားထိုးကြီး ဧပြီ ၂၀
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ခရီးသွားများနှင့် ဈေးဝယ်လာသည့်ပြည်သူများအား ခရီးသွားလာ ရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)ကိုင်ဆောင်သွားလာရေး စစ်ဆေးခြင်း အသိ ပညာပေး ခြင်းကို ယနေ့ နံနက် ၈နာရီက မြို့အဝင်ဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ခရီးသွားပြည်သူများ အနေဖြင့် ခရီး သွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင်သွားလာမှုရှိစေရန် စစ်ဆေ ခြင်း၊ မှတ်ပုံတင် မရှိသေးပါကသက်ဆိုင်ရာမြို့နယ်များတွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယာဉ်မောင်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပါရှိမှသာ ခရီးသွားပြည်သူများအား တင်ဆောင်ခြင်းပြုလုပ်ရန် ဧပြီလ ၁ ရက်နေ့ကစတင်ပြီး အသိပညာပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့် ဘယ်သွားသွားနိုင်သားစိစစ်ရေးကတ်(မှတ်ပုံတင်) ယူဆောင်သွားဖို့ မမေ့ကြပါ နှင့် ဆောင်ပုဒ်ကို ပြည်သူများသိရှိအောင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ ဆောင်ရွက်ထားကြောင်းသိရသည်။
သန်းအောင်ဇော်