လှိုင်မြို့နယ်တွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းတတိယအပတ် ဆက်လက်သင်ကြား

လှိုင် ဧပြီ ၂၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community centre)ခန်းမတွင် ယ နေ့နံနက် (၁၀:၃၀) အချိန်က နွေရာသီအ ခြေခံ ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း တတိယအပတ် ဆက်လက်သင်ကြားခဲ့သည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းအား လှိုင်မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးဖြင့် ဧပြီလ(၆)ရက်နေ့မှဧပြီလ (၂၉)ရက်​နေ့ထိ နှစ်သစ်ကူးရုံးပိတ်ရက်မပါ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင် (အခမဲ့)သင်ကြားဖွင့်လှစ်​ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 ဝင်းသီတာမိုး(ပြန်/ဆက်)