ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ "လူငယ်နှင့် အခွင့်အလမ်း"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်

ကျောက်တံခါး  ဧပြီ ၂၀

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club) လူငယ် အသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)  ရေးသားထားသည့် " လူငယ်နှင့် အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊  စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆို ဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော"လူငယ်နှင့် အခွင့်အလမ်း "စာအုပ်ပါအသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်‌ ဒေါ်အေးအေးသင်းနှင့် စာ‌ပေဝါသနာရှင် ဒေါ်သီရိရတနာအေး နှင့်‌‌(Youth Club) လူငယ်အဖွဲ့ဝင် မပန်းအိဖြူတို့ကစာအုပ်ပါ အသိပညာပေး ဆောင်းပါး အကြောင်း အရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိပညာများကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့ များနှင့် လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)