စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း ဒုတိယနေ့ ဆက်လက်သင်ကြား

စဉ့်ကူး ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲတို့ ပူးပေါင်း၍‌ ရှေးဦးသူနာပြုစုနည်းအ‌ခြေခံသင်တန်းကို ယမန်နေ့ကဖွင့်လှစ်ခဲ့ရာ သင်တန်းဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းမှညနေပိုင်းအထိ စဉ့်ကူးမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆက်လက်သင်ကြား လျက်ရှိကြောင်း သိရသည်။

ထိုသို့သင်ကြားရာတွင် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲ သင်တန်းနည်းပြဆရာများက ရှေးဦးသူနာပြုစုခြင်းဘာသာရပ်ပါ လူနာဆန်းစစ်ခြင်း၊ (CPR)အသက်ရှုအားကူနည်း၊ ပတ်တီးစည်းနည်း၊ ဒဏ်ရာအမျိုးမျိုးနှင့်သွေးယိုစီးခြင်၊ ဆို့နင့်ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းတုတ်ခြင်း၊ အပူလောင်ခြင်းနှင့် အပူရည်လောင်ခြင်း၊ ဒဏ်ရာဆေးထည့်နည်း၊ အရိုးကျိုးလူနာအား ကြပ်စည်းနည်း၊ ကျောရိုးတန်းမကြီး ဒဏ်ရာရလူနာအားပြုစုနည်း၊ မီးလောင်ဒဏ်ရာရလူနာအား လူနာတင်/ချပြုလုပ်ခြင်းနည်းတို့အား စာတွေ့၊ လက်တွေ့နှစ်မျိုးစလုံးဖြင့် ကျွမ်းကျင်စွာတတ်မြောက်စေရန် သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြကာ သင်တန်း ကာလမှာ ဧပြီ ၂၂ ရက်နေ့မှ ဧပြီ ၂၄ ရက်နေ့အထိဖြစ်ပြီး စာတွေ့လက်တွေ့သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)