အလုံမြို့နယ်၌  ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး  ညှိနှိုင်းဆွေးနွေး

အလုံ  ဧပြီ ၂၄

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ပါဠိပထမပြန်စာ​မေးပွဲ ​အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို  ယမန်​နေ့ မွန်းလွဲ ၁ နာရီအချိန်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၌ ပြုလုပ်​ကြောင်း သိရသည်။

အစည်းအ​ဝေးသို့ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့များတက်​ရောက်ပြီး ဧပြီလ ၃၀ ရက်​​နေ့တွင်  စမ်းချောင်းမြို့နယ်တွင် ကျင်းပပြုလုပ်မည့် ဓမ္မစာရိယ စာမေးပွဲနှင့် အလုံမြို့နယ်တွင် ကျင်းပမည့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများ ၊ လျှောက်ထားခြင်းများဆောင်ရွက်ခဲ့သည်။

ပါဠိပထမပြန်စာမေးပွဲကို​မေလ ၇ရက်​နေ့မှ ၁၃ ရက်​နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်​ကြောင်း သိရသည်။

တင်တင်ချို(ပြန်/ဆက်)