ဖျာပုံ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ "ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို ဧပြီလ ၂၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇေယျာက ကြက်ခြေနီအကြောင်း သိကောင်းစရာများနှင့် ကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ အဆိုပါသင်တန်းကို (၂၅-၄-၂၀၂၂)ရက်နေ့မှ (၂၇-၄-၂၀၂၂)ရက်နေ့အထိ မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇေယျာနှင့်တပ်ဖွဲ့ဝင်များက သင်ကြားပေးပြီး မြို့နယ်အတွင်းရှ ိရှေးဦးပြုစုခြင်းကို စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ (၁၈)ဦး တက်ရာက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်