သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကျင်းပ

မန္တလေး ဧပြီ ၂၅

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပပြုလုပ် သည်။

အဆိုပါဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာငြိမ်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများတွင် လေထုညစ်ညမ်းမှု၊ရေထုညစ်ညမ်းမှု၊ မြေဆီလွှာညစ်ညမ်းမှု၊ အလင်းညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ ရေဒီယိုသတ္တိကြွညစ်ညမ်းမှု၊ အပူညစ်ညမ်းမှု၊ အမြင်ညစ်ညမ်းမှု၊ ပလတ်စတစ် ညစ်ညမ်းမှုများအကြောင်း၊ စွန့်ပစ်ပစ္စည်းများအ‌ကြောင်း၊ စွန့်ပစ်ပစ္စည်းများကို လျော့ချသုံးစွဲ ခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း (Recycle)(3rs) စနစ်သည်အကောင်းဆုံး နည်းလမ်းဖြစ်သည့်အကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ် ရန်အတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)