အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား  မြန်မာ နှစ်ဘာသာဖြင့်‌ လိုက်လံနှိုးဆော်

ပိုင်ကျုံ  ဧပြီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်  ရည်ရွယ်၍ လူစည်ကားသည့်‌နေရာများ၊ လမ်းဆုံလမ်းကွများ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်  ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ကရဲထော် ကျေးရွာ၌ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိုဗစ်-၁၉‌ ရောဂါ လမ်းညွှန်ချက်များအား မိဘပြည်သူများ သိရှိစေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့်    အသိ‌ပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ချက်များ‌ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများတို့က ကျေးလက်နေပြည်သူများ အား ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါပိုး တွေ့ရှိသူမြင့်တက်လာခြင်း ကြောင့် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးထွက်ခွာရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် လုပ်ကိုင်ပါ၊ အချင်းချင်း အသိပေး/သတိပေးပါ၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လေဝင်လေထွက် မကောင်းသော နေရာများသို့ သွားလာခြင်းမှ‌ရှာင်ကြဉ်ပါ၊ ပြည်သူများ အားလုံး ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြရန်၊‌ကိုဗစ်-၁၉‌ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့  အချင်းချင်း ဆက်သွယ်၍  စောစီးစွာ ကုသမှုခံယူကြပါရန်၊ ကိုဗစ်-၁၉‌ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါအကြောင်းသိကောင်းစရာများနှင့် ကျန်းမာ ရေးဝန်ကြီး ဌာနမှထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီနေထိုင်သွားလာ ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကိုမိဘပြည်သူများ အသိပညာဗဟုသုတပိုမိုရရှိ‌စေရန်အတွက် လိုက်လံ နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

‌နော်ခူး(ပြန်/ဆက်)