ကျွန်းစုမြို့တွင် လူထုအခြေပြုဗဟိုဌာန၌  ပန်းအလှထိုးနည်း သင်တန်း ဖွင့်လှစ်သင်ကြား

ကျွန်းစု ဧပြီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေ‌ရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပန်းအလှထိုးနည်းသင်တန်းကို ယမန့်နေ့ မွန်းလွဲ(၁) နာရီအချိန်က မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရ သည်။

သင်တန်းတွင် မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် နှင်းဆီပန်း၊ ကြယ်တာရာပန်းနှင့် ဂန္ဓမာပန်းတို့ကို အသုံးပြု၍ ပန်းအလှထိုးနည်း များကို လက်တွေ့သင်ကြားပို့ချခဲ့ကာ ကလေးများ၏ ပန်းအလှဆင်နိုင်မှုများအား ပြန်လည်ဆန်းစစ်ခဲ့ပြီး လက်တွေ့ ပန်းအလှထိုးနည်းများကို အုပ်စုနှစ်စု ခွဲ၍ ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)