စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲ ခင်းကျင်းပြသ

စဉ့်ကူး  ဧပြီ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုစိတ် တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်ပြ ပွဲကို ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါစာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ မြန်မာ့သမိုင်းကြောင်းများ၊ အတွေးအခေါ် စာအုပ်များ၊ ဆေးပညာစာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးစာအုပ်များ၊ နည်းပညာစာအုပ်များ၊ စာပေဗိမာန် စာမူဆုရ စာအုပ်များ၊ ဘာသာပြန်ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ကာတွန်းရုပ်ပြစာအုပ်များနှင့် ကလေးစာပေများ စသည့် စိတ်ဝင်စားဖွယ် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ စိတ်ဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှု၍ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အသိ ပညာဗဟုသုတ မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

တင်ဇာလွင်(ပြန်ဆက်)