မိုင်းငေါ့ မြို့တွင် အသိပညာပေး အစီအစဉ်များကို Online မှတင်ဆက်ပေး

မိုင်းငေါ့ ဧပြီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့ အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာ ဗဟုသုတများ တိုးလာစေ ရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း  ၊အရုပ်ခေါက်ခြင်း၊ ဆေးရောင်းခြယ်သခြင်း စသည် တို့ကိုလည်းကောင်း ၊စာဖတ်ပရိတ်သတ်များအတွက် သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း စသည့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးတင်ဆက် ပေးလျက် ရှိပါသည်။

ယနေ့တွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့မှ “ကင်ဆာ‌‌ရောဂါနှင့်မြန်မာ့အစားအစာ” စာအုပ်ဖြင့်  စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို Online မှတစ်ဆင့် တင်ဆက်ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)