မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မရမ်းကုန်း ဧပြီ ၂

က​လေးများစာဖတ်သည့် အ​​လေ့အထရရှိ​စေရန်၊ စာ​ပေမှတဆင့် အသိပညာဗဟုသုတရရှိ​စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယ​​မန်နေ့ နံနက် :၃၀နာရီ အချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် စာကြည့်တိုက်လာက​လေးများမှ စာ​ရေးဆရာ ချစ်နိုင် (စိတ်ပညာ) ​ရေးသားသည့် လူငယ်နှင့်ဇွဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ လူငယ်နှင့် အခွင့်အလမ်း အစရှိသည့်စာအုပ်များမှ​ ဆောင်းပါးများဖြင့် စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး​ ဒေါ်​အေး​အေး​အောင်မှ ဆုများချီးမြှင့်​ပေးခဲ့​ကြောင်းသိရ သည်။

​အေး​အေး​အောင်