ညောင်ဦး ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၁ခုနှစ်၊ အစိုးရပါဠိ ပထမပြန် စာမေးပွဲအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်း သဘင်ဆက်ကပ် ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ စူဠဘွဲ့နှင်းသဘင်အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တက္ကုန္ဒဝံသ အရှင်သူမြတ်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်မှ သာသနာရေးဆိုင်ရာများ လျှောက်တင်ပြီးနောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ဆရာတော်ကြီးနှင့် သီလရှင်ဆရာကြီးတို့အားလှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြကာ ညောင်ဦးမြို့နယ် မဟာဝိသုတာရာမတိုက်သစ် မြို့နယ် ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေသည်။ ပြီးနောက် စာအောင်သံဃာ တော်များနှင့်သီလရှင်များအား အောင် လက်မှတ်နှင့်စာအောင်ဆုများဆက်ကပ်လှူဒါန်း ကြကာဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့သည်။ ယခုကျင်းပပြုလုပ်သည့် စူဠဘွဲ့နှင်းသဘင် အခမ်း အနားသည် ၂၀၂၁-ခုနှစ်အစိုးရပါဠိပထ မပြန်စာပေးပွဲ ညောင်ဦးစာဖြေဌာန၌ ဝင်ရောက်ဖြေဆို ပြီး အောင်မြင်တော်မူကြသော ပထမကြီးတန်းစာအောင် အရှင်သူမြတ်(၁၀)ပါး၊ ပထမလတ် တန်းစအောင်အရှင်သူမြတ် (၁၁)ပါး၊ ပထမငယ်တန်းစာအောင်အရှင်သူမြတ်(၂)ပါး၊ အခြေပြု မူလတန်းစာအောင် အရှင်သူမြတ်(၃၀)ပါး၊ စုစုပေါင်း စာအောင်အရှင်သူမြတ် (၅၄)ပါးရှိကြောင်း သိရသည်။
ကိုထိန်၊KPD