ဝမ်းတွင်း ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းများကိုသက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက်ကွင်းဆင်း ထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအားထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။
ယခုလို Covid19ရောဂါ ကာကွယ်ဆေးများရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများ အရောက်ထိုးနှံပေးခြင်း၊ သတ်မှတ်ထားသောစုရပ်များနှင့် မြို့အဝင်ဂိတ်တို့၌ ထိုးနှံပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက် အလက်စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများထိုးနှံပေး ခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ယမန်နေ့က Sinovac frist dose phase.10(၁၂)ဦး ၊ inopharm First DosePhase.10 အဖြစ်(၅၅)ဦး၊ Covidshield Second DosePhase.8အဖြစ် (၂၄၂)ဦး၊ BoosterDoseCovaxin(၁၀)ဦး၊ စုစုပေါင်းပြည်သူ (၃၁၉)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး အတွက် သက်မှတ်ထားသော ဆေးထိုးစုရပ်များအပြင် မြို့အဝင် ကျန်းမာရေးစစ်ဆေးဂိတ် ဖွင့်လှစ်၍ ထိုးနှံပေးခြင်း၊ နေအိမ်များအရောက် ကွင်းဆင်း၍ ထိုးနှံပေးခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ် ဆေးထိုးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ စေတနာ လုပ်အားရှင်များနှင့် ဒေသခံ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)