ပုဗ္ဗသီရိ ဧပြီ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား လူငယ်များ၊ စာပေချစ်သူများအနေဖြင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးအတွက် ထန်းထမ်းများနှင့် စာဖတ်ပရိတ်သတ်များမှ အလှည့်ကျအစီအစဉ်ဖြင့် နေ့စဉ် Online မှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိသည်။
မြို့နယ်အတွင်းရှိ ကျောင်းနေရွယ်ကလေးများ၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ သိမှတ်ဖွယ်ရာအစီအစဉ်များကိုလည်းကောင်း၊ စာပေချစ်ပရိတ်သတ်များအတွက် သုတ/ရသစာအုပ်များ ရွေးချယ်မိတ်ဆက်ခြင်း၊ ကျန်းမာရေးအသိပညာပေးဆောင်းပါးများ ရွေးချယ်တင်ဆက်ခြင်းအစီအစဉ် စသည့်ပညာပေးအစီအစဉ်များနှင့် Talk Show အစီအစဉ်များကိုရိုက်ကူး၍ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Pageမှတစ်ဆင့် ထုတ်လွှင့်အသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)