ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံမူလတန်းအဆင့်Grade-5 (သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ပေါင်းတည် မေ ၁၀  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံမူလ တန်းဆင့်Grade-5(သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပေါင်းတည်မြို့အ.ထ.က(ပညာရတနာ)ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး(ယာယီ/တွဲ)ဆရာကြီး ဦးသောင်းဌေးက အမှာစကားပြောကြားရာတွင် အခြေခံပညာမူလတန်းဆင့် Grade-5(သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် သက်ဆိုင်ရာဘာသာရပ်နယ်ပယ်များမှ ကျွမ်းကျင်သည့်နည်းပြများက ပို့ချပေးမည်ဖြစ်ကြောင်း၊ ကျောင်းအဆင့်တွင် ပြန်လည်သင်ကြားပို့ချမည့် သင်တန်းသားများကလည်း သင်ရိုးသစ်အကောင်အထည်ဖော်ရာတွင် အလွန်အရေးကြီးသည့်အတွက် သင်တန်းသား ဆရာဆရာမများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင်စွာသင်ကြားပို့ချနိုင်မှသာ ကျောင်းသား/သူများအမှန်တကယ် တတ်မြောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်သင်တန်းနည်းပြဆရာ/မ ၄၄ ဦးက သင်တန်းသား/သူ၆၆၀ဦးအား သင်ကြားပေးမည်ဖြစ်ကြောင်းနှင့်သင်တန်းက မေလ(၁၀) ရက်မှ(၁၃)ရက်ထိနံနက် ၉ နာရီမှညနေ ၄ နာရီအထိ သင်ကြားပေးမည်ဖြစ် ကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)