ကလော မေ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌၊ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာဩမြတ်မေကို ရေးသားသည့်ကြယ်စင်များဆီသို့နှင့် အာရှလူငယ်ဝတ္ထုတိုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များ ရရှိ၍ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရန် စသည့် ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီးစာရေးဆရာ ဩမြတ်မေကိုရေးသားသည့် ကြယ်စင်များဆီသို့နှင့်အာရှလူငယ်ဝထ္ထုတိုများစာအုပ်ထဲမှ ကြယ်စင်များဆီသို့ခေါင်းစဉ် စာအုပ်ပါအကြောင်းအရာများကို ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမော်က ဖတ်ကြားဆွေးနွေးခဲ့ရာ စာပေချစ် မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန် ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)