လသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 /Gread-8/Gread-11သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

လသာ မေ  ၁၀

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လသာမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ အား GRADE-5 /Gread-8/Gread-11သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် GRADE-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို လသာမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ Grade-5 သင်တန်းအား ၁၀-၅-၂၀၂၂ မှ ၁၃-၅-၂၀၂၂ အထိလည်းကောင်း၊Grade-8သင်တန်းအား ၁၆-၅-၂၀၂၂ မှ ၁၈-၅-၂၀၂၂ အထိလည်းကောင်း၊Grade-11 သင်တန်းအား ၂၁-၅-၂၀၂၂ မှ ၂၃-၅-၂၀၂၂ အထိလည်း ကောင်း၊နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)ခွဲအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ယနေ့ Grade-5 သင်တန်း တွင် ဆရာ(၅)ဦး၊ဆရာမ(၃၂)ဦး၊ စုစုပေါင်း (၃၇)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

နီနီအောင်